ကျွန်​မရဲ့ blog မှာ မျှ​ဝေထားတဲ့linkအများစုဟာ အွန်​လိုင်း မှ ရှာ​ဖွေစု​ဆောင်းပြီး စာ​ပေချစ်​မြတ်​နိုးသူ ​တွေအတွက်​ ပြန်​လည်​ မျှ​ဝေထားခြင်းသာ ဖြစ်​ပါတယ် ။မူရင်း pdf ပြု လုပ်​ သူ ​သေချာမသိ​သော​ကြောင့်​ Credit မ​ပေးရတဲ့ link ​တွေ အများကြီး ရှိပါတယ်​ ။ ဤ​နေရာမှ တဆင့်​ မူရင်း link ပိုင်​ရှင်​များ အားလုံးကိုCredit ​ပေးပါတယ်​ရှင့်​ ။ စာဖတ်​လာကြသူ အ​ပေါင်း စာ​ပေ ဗဟုသုတ ပြည်​စုံကြွယ်​ဝ ကြပါ​စေရှင့်​ ။
( မနှင်း)

ဝဇီကိုင် ( ကုသ )


ကျွန်မ အရမ်းကြိုက်တဲ့ ၀တ္ထုလေးတစ်ပုဒ်ပါ ။

စာရေးသူ (ကုသ) ဆရာကြီးဦးတိုးအောင်(၁၉၀၇-၁၉၇၆)

အခါကားလွန်ခဲ့သော နွေဥတု ကျောင်းပိတ်စဉ် ၊နေ့ကား စနေနေ့တည်း။နေမင်းကအလွန်ပူ ၊ညည်းညူရဘနန်းစိတ်ဝမ်းမချမ်းသာစရာပေတည်း ။ကျွန်တော်၏ ရွာအနီးမန်ကျီးပင်ရွာနေ မိတ်ဆွေ ဆယ်အိမ်ခေါင်း မောင်ဖိုးဘသည် ကျွန်တော်ထဲသို့အရေးတကြီးရောက်လာခဲ့၏။လာရခြင်းအကြောင်းမှာကား အခြားမဟုတ်၊ဘောလုံးပွဲတွင် " ၀ဇီကိုင် " လုပ်ရန်  ပြောကြားလိုသောကြောင့် တည်း ။
(၀ဇီကိုင်ဆိုသည်မှာမကျည်းပင်ရွာသုံးစကား ။ဝီစီ ခေါ်ပီပီကို ကိုင်မှုတ်ကာ ဘောလုံးပွဲတွင် ဒိုင်ပြုလုပ်သူပင် တည်း။ ။ဤ ကားအမှာ ) ။



မကြာမီကျွန်တော်သည်ကျောင်းတွင်ဝတ်လေ့ရှိသောဘောလုံးကန်အင်္ကျကျား၊ခြေအိတ်ကြားနှင့်ဘောင်းဘီကိုဝတ်ပြီးသောလှေလှော်
အသင်း ကုတ်အင်္ကျီအစိမ်းကိုအပေါ်ရုံ၍  အရန်သင့်စောင့်လျှက်ရှိသော  လှည်းပေါ်သို့တက်ခဲ့၏ ။  ဖိုးဘ သည် ဂီယာ နံပတ် တစ်
တည်းဟူသော တံဖျာကို ကိုင်၍ ၀င့် ရာနွားတို့ သည်ရုန်းစပြုလာသည်။ထို့နောက်ကြိမ်တံဖျာနှင့်ခပ်ဆတ်ဆတ် ရိုက်၍ ငေါက်ရာ
လှည်းသည် အလွန်လျှင်မြန်လေ၏။   ဤကားဂီယာနံပတ်နှစ်နှင့်သုံးတည်း။လှည်းသွားစဉ်  ဖိုးဘက  " ဟဲ့ဝိုင်းကြီး၊  ဘာနှေးကန်
နေရတာလဲ၊  လမ်းဘေးကနဖြူမလေးမြင်လို့လား၊  ဒီလိုတော့မလုပ်နဲ့  ၊  ကြိုက်ရင်ကြိုက်တယ်ပြော ။  အခုဝယ်ပြီးအိမ်ခေါ်သွား
ပေးမယ် " ဟုဆိုကာ တံဖျာကို မြှောက် ကာအချက်ကျကျငေါက်ရာတွင်အလိုက်သိသော နွားတို့ သည်ခြေကုန်သုတ်ကြ လေ၏ ။
ရန်ကုန်မြို့ တွင်မ်ာတော်ကားမှထွက်လေ့ရှိသော ဓာတ်ဆီ အခိုးနံ့ ကို ရှုရှိုက်နေကျပေမယ့်ထိုစဉ်အခါဝယ် နွားချေး အနံ့ ဖြင့်သာ
တင်းတိမ်ရ တော့ ၏။တောရွာတွင် အဘယ်ငှာလျှင်ဓာတ်ဆီ ရနိုင်ပါအံ့နည်း ။ သူ့ အလိုက်အထိုက်နှင့်သာ ကျေနပ်ရ သည်သာ တည်း ။



မကြာမီဂေါဏမော်တော်ကားသည်ရပ်တန့် သဖြင့်မေးကြည့်ရာ မန်ကျည်းပင်ရွာသို့ရောက် ပြီဖြစ်ကြောင်း သိရ ၏ ။ တက္ကသိုလ်
ကျောင်းမှဝဇီကိုင်ရောက်မည်ဟုကြားသိရ၍ဘယ်လိုအကောင်မျိုးစားလဲဟု သိရှိရန် လာ၍ စောင့်နေကြ သည် မှာမနည်းလှပေ။ 
တက္ကသိုလ်က ဆို၍ မင်းသားဖြစ်မည်ဟု  အထင်ရှိနေကြ သေးသောလူတစ်ချို့မှာ မျက်လွှာကိုအောက်ချ၍ မနီးမဝေးမှာ ဒူးတုပ်
ကာခစားနေကြ၏ ။ ထိုစဉ်ပင် ရွာသူကြီးနှင့် ကျေးရွာလူ ကြီးလေးဦးတို့ သည် အနီးသို့ချဉ်းကာ" အရှင် ဒီကိုကြွပါ  ။  အရန်သင့်
ပွဲတော်များ ပြင်ဆင်ထားနှင့်ပါတယ်။ " ဟုမရဲတရဲ ကြည့်ကာ  နားတော်လျှောက်ကြလေ၏ ။  ကျွန်တော်သည်ကား မျက်နှာထား
ခပ်တည်တည် နှင့် ဂေါဏ ယာဉ်ပေါ်မှ ဆင်းသက် ခဲ့လေ တော့ သည် ။ ထမင်းပွဲမှာ အရန်သင့်ရှိနေပေပြီ ။ ငါးခြောက်နှင့်
ခရမ်းသီးဟင်း၊သစ်တိုသီးအိုးစိမ် ၊ကန်စွန်းရွက်ကြော် ၊ ငါးသေတ္တာနှင့်ဘူးသီးဟင်းချိုတို့ သည် မင်းသားပွဲတော် တည်ရန် ငံ့လင့်နေ
ကြဘိ၏။ရာဇကုမာရလည်း ရာဇိနြေ္ဒ မှ မငဲ့ကွက်နိုင်တော့ဘဲ ခပ်စာစာနှင့်အတွင်းသားဟပ်ရာဗိုက်ကားမှတော်တော့၏ ။
မကြာမကြာ နန်းတော်သူထက်  မသာသော်လည်း  နန်းတော်သူထက် ပင် နုပျိုသော အဆင်းအရွယ်နှင့် ပြည့်စုံသည့်မကျည်းပင်သူ
ကလေးများကို စောင်းငဲ့ကြည့်ရှု့မိ၏ ။ ပွဲတော်တည်၍ ၀ပြီ။ဗိုက်ကားပြီဖြစ်၍ ဘောလုံးကွင်းကိုသာသွားရန် လိုတော့ သည် ။
သူ့ဆန်စားရဲမှဖြစ်တော့မ ည်။



ရန်ကုန်မြို့ မြင်းပြိုင်ကွင်းမှ ၀င်းသန်းဝင်းစိန်တို့ ထက် ပင် နာမည်မကျော်ကြားသော် လည်း မန်ကျည်းပင်ရွာတွင် အကောင်းဆုံး
ပင်ဟုသမုတ်ခြင်းခံရသော ကွတ်နာနီမ အဿလိမ္မာ သည်ရောက်နှင့်နေပြီ ။  မင်းသားလည်းလေးလံသော ခန္ဓာကိုယ်ကို အနိုင်နိုင်
ပင့်ထူကာ    အဿတိုရ်ပေါ်သို့ တက်ပြီးလျှင် နောက်လိုက်နောက်ပါတို့ဖြင့် ထွက်ရာနေ့ လည်၁၂ နာရီ ခန့်တွင် ဘောလုံးကွင်း
သို့ရောက်ချေ၏  ။ နေကလည်းပူပြင်းပါဘိ ။  ဘယ်က သတင်းကြားမှန်းမသိ ။ ဘောလုံးကွင်းတွင် လာရောက်စောင့်ဆိုင်းနေကြ
သူတို့မှာ ၅၀၀ ခန့်လောက်ရှိ၏ ။ လူပျို၊အပျို ၊ လူအို နှင့်သားသည်အမေတို့မှာ အများပင်ဖြစ်၏ ။ ဘောလုံးကွင်းမှာဘီ အေ အေ
က လိုမဟုတ် ထူးဆန်းသဖြင့်  မှတ်သားဖွယ်ကောင်းလှ၏။   အလျားနှင့်အနံမှာ  ထပ်တူဖြစ်ရကား   လေးထောင့်ပုံသဏ္ဌာန်ရှိ၏ ။
သို့သဖြင့် အထူကျဉ်းလေသည် ။    မျဉ်းကြောင်းဟူ၍ မရှိ ။ ဘေးနှစ်ဖက်တို့တွင် ရိုးငယ်နှစ်ခုသာ ရှိလေတော့သည်။ ဘောလုံး
ရိုးထဲသို့ကျမှ ယူ၍မြှောက်ရလေသည်။ ။    ကြုံမှ ကြုံတွေ့ ရ တက်သည် တကား ။



မကြာမီ ဘောလုံးကစားသူများ ရောက်လာပြီဖြစ်၍  ၀ီစီမှုတ်ရန် သာလို တော့သည် ။   ၀ီစီအဘယ်မှနည်းရှာ၍မရချေ ။ သို့သော်
ဝီစီ အစား ၀ါးက လတကငယ်နှင့်ခေါက်ရန် တုတ်တိုတစ်ချောင်းကိုလာရောက်ပေးအပ်လေ၏ ။ တစ်ဖက် အသင်းမှာ အင်္ကျီဗလာ ၊
ကျန် တစ်ဖက် အသင်းမှာကားန တ္ထိ။သို့ရှိဘိ လည်း တစ်ဖက် အသင်းက ထုံးကို အရည်ဖျော်၍ ကိုယ်တွင်သုတ်ထားဘိ၏။ ။
ဤကားချွေတာရေး အစစ် တည်း ။ မြို့သားများကဲ့သို့ အင်္ကျီ၊ဖိနပ် ၊ခြေအိတ်ဝယ်ရ၍ စရိတ်ငွေ မကုန်ကျချေ ။ထိုစဉ်ပင်
၊အပေါက်စောင့် ၊  ၂ တန်းလူ ၊ ၃တန်းလူ ၊ ၅ တန်းလူ ၊  လက်ဘော်၊  ရမ်းကား ၊  ရှေ့လွန် ၊   ပိန္နဲသီး စသော စကားထူး
စကားခန်းများ ကို ကြားရ၍    မေးကြည့်ရာ    " ၅ တန်းလု "မှာ ဖောဝါဒ် ၊      "အပေါက်စောင့် "မှာ ဂိုးသမား ၊ "၂တန်းလူ "မှာ
ဖူးလ်ဘက် ၊ "၃တန်းလူ" မှာဟဖ်ဘက် ၊  "လက်ဘော်"မှာ သိသာပြီ ။ "ရမ်းကား " မှာ ဖောင်းလ် ၊ "ရှေ့လွန် "မှာ အောက်ဆိုက်  ၊
"ပိန္နသီး" မှာ ပီနယ်လတီ တို့နှင့်ညီ ကြောင်းများကို အံ့သြ၀မ်းမြောက်စွာသိရ၏ ။    အံ့သြခြင်းမှာကား သင့်တော်စွာဘာသာ
ပြန်ဆိုနိုင်ခြင်းကြောင့်ဖြစ်သည်။ ၀မ်းမြောက်ခြင်း၌   နိုင်ငံခြားစကား   အခေါ်အဝေါ်တို့ကိုမြန်မာစာ   သက်သက်ြ့ဖင့်မှန်ကန်
ကျနစွာပြန်ဆိုနိုင်ကြောင်း ကိုထင်ရှားသိသာသောကြောင့်တည်း ။   ဘောလုံးကွင်းနံဘေး  နှစ်ဖက်နှစ်ချက်တွင်   ရိုးငယ်ကလေး
ရှိနေရာကော်နာ ကန်၍ မရ သဖြင့် ယင်းစကားကိုမည်သို့ခေါ်ကြောင်းမသိရ ။သို့သော်    "ထောင့်ကန် "ဟူသော    စကားသည်
အလွန်သင့်လျော်ပေမည်။ ပိန္နသီးမှာကား ပီနယ်လတီပင်တည်း ။ဂိုးလ်အနီးတွင်ရမ်းကား သည်ဖြစ်စေ ဘောလုံးကိုလက်ဖြင့်  ကိုင်
သည်ဖြစ်  စေ ၊၀ဇီကိုင်က ပိန္နဲ သီး ၁၈ လုံးကွာ နေ ရာ မှဂိုးပေါက်သို့သွင်းရန် အခွင့်ပေးနိုင်လေသည်.။    ဤ ကား မကျည်းပင်
သားတို့ဥပဒေ တည်း ။ ပီနယ်လတီကို ဂိုးနီကန် ဟုခေါ်ဆိုက သင့်ပေ မည်။ ဤကားကျွန်တော် ထင်မြင်ချက်ပေတည်း။ သင့်လျော်
ရာကိုကံဆကြပါကုန်  ။   လောင်းစားသောပွဲဖြစ်ရကား  ငွေသံ  တချွင်ချွင်ကြားရ၏ ။နေမွန်းတည့်ချိန်ပင်ဖြစ်သော်လည်းကြည့်ရှု့
သူတွေပဓနမပြုကြ ။ ရွှေလသာဝါ၀င်းစဉ် ဖျာ ခင်း၍ ထိုင်သလို ထင်မှတ်ကြ သလားမသိ ။ အချိန်ကျပြီဖြစ်၍ ကာလတက် ကို
ခေါက်ရာဘောလုံးကန်သူတွေ ထွက် လာကြ၏ ။ ပရိတ်သတ်ထဲမှ"၀ါးရင်းတုတ်"ကွယ်နော် ၊"တညင်းကျား" ၊  "ခွေးဘီလူး"   ၊
"သျှားနှစ်၊"သံချောင်း" ၊ "ပုဏ္ဏက"၊ "ကျော် ဟိုး" ၊"အယ်ဒီပိုလို" ၊"တောက် တ'ဲ့ ၊"ပုဆိန်ပေါက်"၊"ဗန္ဓုလ" ၊"မြွေနဂါး' ၊"ဂဠုန် "စသော
ခေါ်သံ အော် သံတို့ ကိုကြားသိရမှ ဘောလုံးကန်သမားများ၏နာမည်ရင်းကို မခေါ် ၊နာမည်သစ် မှည့်၍ခေါ်ကြောင်း သိရ၍ အလွန်
အမင်းရယ် ချင် မိ၏ ။ဝါးကလတက် တစ်ချက် ခေါက်သည် တွင် ရွှေဖရုံသီးနှင့် အသွင်တူသော ၂ကျပ် ၈ပဲတန် ဘာ ဘူချူပ်
ဘောလုံးသည် ထိုမှ ဤ မှ လူုးလာတုံ့ ပြန်၍ နေလေ၏။ဘောလုံ့းကန်စဉ် အချို့ မှာချွေးများထွက် သဖြင့်မိမိတို့ ကိုယ်တွင် 
သုတ်ထားသော ထုံးသည် ပျက်လေရ ကား ခဏခဏ အပြင်ထွက် ၍ ထုံးသုတ်ရပြန်လေ၏ ။ မကြာမကြာလည်းဘောလုံးနှင့်
လူနှစ်ယောက် သုံးယောက် ရိုးထဲသို့ ကျလေဘိ၏ ။ဤအခါတွင် ရယ်သံကြိးကိုကြားလိုက် ရ၏ ။မကြာမိ တောက် တဲ့ သည် " မြွေ
နဂါး"ယူလာသော ဘောလုံးကို ပြေး၍ ဖျက် ရာပျက်လေသဖြင့် " တောက်တဲ့"ကွယ်နော့် ဟူသောချီးမွမ်းသံသည်ဟိန်းသွားလေ၏ ။
မကြာခဏ လည်းကျွန် တော် အား လက်ညှိုးထိုးကာ " ဆရာကြီးနဲ့     မြင်းကျား   မတရားတော့ မလုပ်ပါ နဲ့ ။  ကာမေသု မုတ်စား
ဆာလား ကံ ထိုက်ပါလိမ့်မယ် "     ဟုအော် သူတွေက မရှား ။    " သံခရာဘေးကို ကြောက်ပါ နော် " ဟု ဟစ်သူတွေကအဖုံဖုံ ။
အလုံးစုံ တစ်ခဲနက်သော အသံဆိုးကြီး တို့ သည် အထက်မိုးကို ပျံ့နှံ့ သွားလေ သည် ။ထိုအတွင်းဝယ် "မြွေ နဂါး " ဘောလုံး
ယူလာရာ " ပုဆိန်ပေါက် '' သည် ရုတ်တရက်ပြေး၍   ညို့ သကျည်းကိုကန်သဖြင့် " မြွေနဂါး "လဲလေ၏ ။ ပရိတ် သက်ထဲမှ
"ရမ်းကား " ဟူသော အသံ ကြီးကို ကြားလိုက်ရ ကား" ရမ်းကား "ကို  "မြွေ နဂါး "ဘက် သို့ ပေးလိုက်ရန် ကလတက်မှ ခေါက်မှ
အသံတိတ် တော့ ၏  ။  ကြည့်သူတွေထဲမှ" ဟေ့ 'သျှားနှစ်" ၊"ပုဏ္ဏ က" ။  ဘာလုပ်နေသလဲ ။   ချပါတော့လား ။     ဆော်လေ ။
တို့ဆီမှာ ဓားမြောင် ပါတယ် ။  မကြောက်နဲ့ ။   ဘာခံနေ သလဲ စသည်ဖြင့် အော်စ ပြုလာ၏ ။  ကလတက်ကိုခေါက်ရ လွန်း၍
တုတ်မှ ကျိုးလုမတက် ဖြစ်ခဲ့၏။"ပုဆိန်ပေါက် "၊"ကျော်ဟိုး" ၊နှင့် "ခွေးဘီလူး"တို့ သည် အထူးကြမ်းတမ်းကြလေ ပြီ ။" ၀ါးရင်းတုတ'်နှင့်
'ဂဠုန်"တို့ သည် လည်း မည်သူကို မျှ လူ မထင်ကြ တော့ချေ ။ ထိုစဉ် ပင် ကလ တက် ခေါက် ရန် တုတ် မှာကျိုးသွားလေပြီ ဖြစ်၍
ကျန် တပိုင်းနှင့်သာ အနိုငိ နိုင် ခေါက် နေ ချေ လေ သည်။ ထိုခဏ၌ ပင်လျှင်'ခွေးဘီ လူး'ဘောလုံးယူ သွားသည်မှာ အခြားဘက်ဂိုး
ပေါက် သို့ ရောက် လုနီး၏ ။ သွင်းမည် အပြု တွင် "အက်ဒီပိုလို" ပြး၍ လက်သီးဖြင့်ထိုးရာ "ခွေးဘီ လူး"နှာခေါင်းသွေး ထွက် လေ ၏ ။
ပရိတ် သက် ထဲမှာ" ပိန္နဲ သီး "ဟူသော တစ် ခဲနက် အသံကြီးကို ကြားလိုက်ရ၏ ။ ထိုစဉ် အခါ ကျွန်တော်ထံ၌ တုတ်မရှိတော့။
ဘယ်မှာချထားသည် မသိရ ။  ကလတက်လည်း     မခေါက်နိုင်တော့ချေ ။ ၀ဇီိ ကိုင်    မတရားဘူး ဟု    ကြိမ်းမောင်းသံ ကြီးလည်း
ကြားရဘိ၏ ။  ခက်ချေပြီ ။  မည် သို့ ရအံ့ နည်းဟု အောက်မေ့ မိ၏ ။ တစ်ပြိုင် နက် ပင်လျှင် ထိုနှစ်ဖက်သော   လူစုတို့ သည်
တုတ် ကိုင် သူကိုင်၊လက်သီးဆုပ်သူဆုပ် ၍ ရိုက်နှက်ထိကြိတ် ကာ ရန်ပွဲ ကြီး စ တင် လေ ၏။ ။ပရိတ် သက် ထဲမှအများ ၀င်ရောက်
ရိုက် နှက် ကြလေ၏ ။"မြွေနဂါး"မှာ ထိပ်ပြဲသွားလေ၏ ။ "ဓညင်းကျား"မှာ နှာခေါင်းသွေးထွက်ဘိ၏ ။ "အက်ဒီပိုလို" ကားအတွင် သာ
ထိုးနေ တော့၏ ။ တောက် တဲ့ မှာ သွား တစ် ချောင်းကျွှတ် သွား၏ ။ထိုအခြင်းအရာ ကိုမြင် သော ကျွှန် တော် သည် အခက် အခဲ ကြုံ
ရပြီ ဖြစ်၍အလျှင်အမြန် ဘောလုံးကွင်းမှ ထွက် ခဲ့ ပြီးသော် ကွတ်နီအဿတိုရ် ပေါ်သို့လွှားကာ တက်လေ၏ ။လျှင်မြန် ခြင်းဖြင့်
အတွင် သာနှင်ရာနေ အိမ် သို့ ညနေတွင် ရောက် လေ ၏ ။ သို့မှ စိတ်အေး သွားတော့ သည်။ အပူလုံးကြီး   ကျသွားပြီတကား ။ ။



( ဂန္တလောက ၊၁၂၉၃ ကဆုန်လ )