ကျွန်​မရဲ့ blog မှာ မျှ​ဝေထားတဲ့linkအများစုဟာ အွန်​လိုင်း မှ ရှာ​ဖွေစု​ဆောင်းပြီး စာ​ပေချစ်​မြတ်​နိုးသူ ​တွေအတွက်​ ပြန်​လည်​ မျှ​ဝေထားခြင်းသာ ဖြစ်​ပါတယ် ။မူရင်း pdf ပြု လုပ်​ သူ ​သေချာမသိ​သော​ကြောင့်​ Credit မ​ပေးရတဲ့ link ​တွေ အများကြီး ရှိပါတယ်​ ။ ဤ​နေရာမှ တဆင့်​ မူရင်း link ပိုင်​ရှင်​များ အားလုံးကိုCredit ​ပေးပါတယ်​ရှင့်​ ။ စာဖတ်​လာကြသူ အ​ပေါင်း စာ​ပေ ဗဟုသုတ ပြည်​စုံကြွယ်​ဝ ကြပါ​စေရှင့်​ ။
( မနှင်း)

သင့်​ လက်​ များဖြင့်​ ( မင်းယု​ဝေ )




Credit - ကဗျာဆရာကြီးများ ၏ ကဗျာများစုစည်းမှု့ Facebook page မှ ..



သင့် လက်များဖြင့်

စွမ်းအားကုန်ကာ ၊ ရေငတ်လာသော

မောရှာသူများ ၊ ခရီးသွားကို

ကြီးမားမေတ္တာ ၊စေတနာဖြင့်

လှမ်းကာ ကမ်းကာ ၊ရေ တိုက်ပါသော်

အဟော်ဝတ ကောင်းလေစွ ။



သင့်လက်များဖြင့်

အစားအစာ ၊ မွတ်သိပ်ရှာသော

ခမျာနွမ်းပါး ၊ ဆင်းရဲသားကို

သနားကြင်နာ ၊ ကျွေးမွေးပါသော်

အဟော်ဝတ ကောင်းလေစွ ။



သင့်လက်များဖြင့်

သနားဖွယ်ရာ ၊ ကံဆိုးရှာသော

ရောဂါခံစား ၊သူနာများကို

ထောက်ထားစာနာ ၊ပြုစုပါသော်

အဟော်ဝတ ကောင်းလေစွ ။      ။

(မင်းယုဝေ )

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအေးချမ်းကြပါစေ ။